ကျနော့်ရွာက မန္တလေးမြို့အနီးမှာ ရှိတယ်။ မြို့နဲ့ဆိုရင် ၁၂မိုင်လောက်ဝေးတယ်။ အဲဒါက ကျနော်ငယ်ငယ် ၄တန်းကျောင်းသားလောက်က အတွေးနဲ့ပြောပြတာဗျ။ တကယ်တမ်းဘယ်လောက်ရှိမှန်းကျနော်မသိ။ နန်းမြို့ကျူံးကြီးတစ်ဖက်ကို ၂မိုင်ဆိုပြီး ကိုယ့်ဘာသာတွက်ခဲ့တဲ့အရွယ်ပေါ့။ မန္တလေးမြို့ရဲ့ မြောက်ဘက်ထဲကိုသွားရတယ်။ မန္တလေး မတ္တရာကားလမ်းမရဲ့ အနောက်ဘက်မှာတည်ရှိတယ်။ တောင်ပြုံးကိုမရောက်ခင်ပေါ့ဗျာ။ အဲဒီကားလမ်းမကြီးပေါ်မှာ ကျနော်မရေမတွက်နိုင်အောင် ရွာဆီသွားခဲ့ဘူးတယ်။ ကားလမ်းရဲ့အနောက်ဘက်စူးစူးကိုသွားလိုက်ရင်တော့ "ကန်ပိုင်ရွာမှ ကြိုဆိုပါ၏"ဆိုတဲ့ ဆိုင်းဘုတ်ပန်းချီကြီးကိုတေိ့ရင် အဲဒါကျနော့်ရွာပဲ။ ရှေ့မှာ ရွာနှစ်ခုလောက်ဖြတ်ခဲ့ရတယ်ဆိုရင် ဆိုင်ကယ်မရှိခင်က ကားလမ်းကြီးကနေ လမ်းလျှောက်ခဲ့ရတဲ့အရသာကို စဉ်းစားကြည့်ပေါ့ဗျာ။ ဟုတ်တယ်..ကျနော့်ရွာက ကန်ပိုင်ရွာ အသံထွက်ရွတ်ရင် "ဂဘိုင်ရွာ"။ ငယ်ငယ်က ရေးတော့အမှန် ဖတ်တော့အသံကို နားမလည်ခဲ့တုံးက ကျနော်ဟာ လူတက်ကြီးလုပ်ပြီး "ကန်ပိုင်ရွာ"ဆိုပြီး ပြိုင်ငြင်းခဲ့ဘူးတယ်။....ခုကားလမ်းနဲ့ ရွာကိုဆက်ထားတဲ့ ရွာလမ်းမကြီးက ပျက်စီးနေပြီ..သိပ်ကိုပျက်စီးနေပြီ ဒါပေမဲ့ ရောက်တိုင်း စိမ်းနေတက်တဲ့ လယ်ကွင်းတွေ၊ နှစ်ဘယ်လောက်ကြာကြာ အလှူရှင်ပေါ်တက်တဲ့ ဇရပ်နားနေဆောင်ကြီး ပြီးတော့သူ့ဘေးက မခွဲအတူနေခဲ့တဲ့ ညောင်ပင်ကြီးက ရွာလမ်းမဘေးမှာ တင့်တယ်နေဆဲ။ ကျနော်လေ ပြောချင်တာတွေအများကြီး စာရေးဆရာတစ်ယောက်မဟုတ်တဲ့အတွက် စာတွေမစီတက်ဘူး မစဉ်တက်ဘူး။ လိုရာထက် မရောက် ခေါ်ရာထက်ပါမလာတဲ့ စာတွေဖတ်မိခဲ့ရင် တောင်းပန်တယ်။ ဒါပေမဲ့ ကျနော် ရေးဦးမယ်။ ဒီနေ့တော့ ဒီမှာရပ်ဦးမည်။ thank you..
No comments:
Post a Comment