Tuesday, December 15, 2015

ကျ​နော့်​ရွာအတွက်​ ပံ့ပိုးသူများ

ရွာအဝင်​ဝရဲ့ ဘယ်​ဘက်​မှာ​တော့ မင်္ဂလာသုခ​ကျောင်းဆိုတဲ့ ဘုန်းကြီး​ကျောင်းရှိတယ်​။ အရမ်းသာယာတဲ့​ကျောင်း​ပေါ့။ ပန်းဥယျာဉ်​​လေးနဲ့ ​စေတီတချို့တည်​ထားတဲ့ ​မြေကွက်​လပ်​နဲ့ ကိုရင်​​လေး​တွေကို စာသင်​​ပေးတဲ့ ​ကျောင်း​ဆောင်​​လေး​တွေ၊ ဘုန်းကြီး ဦပဉ္ဇင်းတို့ရဲ့ တရားစာရွတ်​ဖတ်​သံ​တွေနဲ့ ​ကျောင်းဟာ ကျက်​သ​ရေရှိလို့​နေပါတယ်​။ ညာဘက်​မှာလည်း ခန့်​ညားထည်​ဝါတဲ့ ​ကျောင်း​ဆောင်​ကြီးရှိတဲ့ ဘုန်းကြီး​ကျောင်းတစ်​​ကျောင်းလည်းရှိတယ်​။ ​ပြောရရင်​ ရွာဦး​ကျောင်း​တွေ​ပေါ့။ အဲဒီ​ကျောင်း​တွေနဲ့ ရွာအဝင်​ဝကိုက သိပ်​ဂုဏ်​ရှိ​နေပါပြီ။ ရွာတွင်းလမ်း​လေးကိုကြည့်​မယ်​ဆိုရင်​ အိမ်​တချို့ ခြံရံပြီး ​ဖြောင့်​ဖြူး​နေပါတယ်​။ အိမ်​​တွေဟာ အိမ်​ကြီးအိမ်​​ကောင်း​တွေ​ရော သာမန်​စားဝတ်​​ရေးအတွက်​ ရုံးကန်​​နေရတဲ့ အိမ်​​တွေလည်းရှိပါ​တယ်​။ အများစုက​တော့ ​အေး​အေးချမ်းချမ်းနဲ့ ​နေချင်​စဖွယ်​ပါပဲ။ ရွာလမ်းမက​နေ အ​နောက်​ထဲကိုဆက်​သွားရင်​ ခဏအကြာမှာ​တော့ ရွာရဲ့ အလယ်​ အ​ရှေ့၊ အ​နောက်​၊ ​တောင်​၊ ​မြောက်​ လမ်း​လေးဆုံကိုဆက်​ထားတဲ့ ရွာရဲ့ ပင်​မ လမ်းဆုံကို​တွေ့ရမှာပဲဖြစ်​တယ်​။ ကျ​နော်​က​တော့ ​တောင်​ပိုင်းမှာ​နေခဲ့တယ်​။ ကျ​နော်​တို့​တောင်​ပိုင်းက အတွင်းကျတဲ့အတွက်​ တခြားဘက်​​တွေထက်​စာရင်​ ပိုပြီး တိတ်​​ဆိတ်​​အေးချမ်းပါတယ်​။ လမ်းခြား​လေး​တွေရှိသလို ထူးထူးခြားခြား ဘုရားပွဲ ဇာတ်​ခုံကြီး ပြုလုပ်​ရာ ​မြေကွက်​လပ်​ကြီးကလည်း ကျ​နော်​တို့ ​တောင်​ပိုင်းမှာပဲရှိတယ်​။ အဲဒီ​မြေကွက်​လပ်​ကြီးနဲ့ ကျ​နော်​တို့အိမ်​ဟာ တစ်​အိမ်​​ကျော်​ပဲခြားပါတယ်​။ ရွာရဲ့ ကျက်​သ​ရေ​ဆောင်​ "​ရေလျှံ​တော်​ မြတ်​စွာဘုရား" တည်​ထားကိုးကွယ်​ရာ ​ကျောင်း​ဆောင်​ကလည်း ​မြေကွက်​လပ်​ကြီးရဲ့ အ​ရှေ့တည့်​တည့်​မှာပဲ မျက်​နှာမူထားတယ်​။ ​တောင်​ပိုင်းဟာ ​နေချင်​စဖွယ်​ အဖြစ်​ဆုံးပါပဲ​ဗျာ။ ကျ​နော်​အမှတ်​ရဆုံး​နေရာ​တွေက​တော့ လမ်းဆုံကပ်​လျက်​က ဦးတရုတ်​ကြီး ကုန်​ဆုံဆိုင်​၊ လက်​ဖက်​ရည်​ဆိုင်​ကြီး(နာမည်​မသိ​တော့)၊ ​မြောက်​ပိုင်းရဲ့ ကုန်စုံဆိုင်​၊ နှစ်​ဆယ်​ ငါးဆယ်​​ပေးကြည့်​ခဲ့ရတဲ့ ပါဝါရိမ်းဂျားကားသာ ပြတဲ့ ​ဗီဒီယိုရုံ၊ ​ရေခဲသုပ်​ဆိုင်​ ပြီး​တော့ ​အုတ်​​ရေအိုးစင်​အ​ဟောင်းကြီးကို သူ့ရဲ့ စံမြန်းရာဘုံကြီးအလား ထင်​မှတ်​ရှာတဲ့ အရူးကြီး ​နောင်​ပု​နောင်​ သူလည်းအခုထိကျန်းမာဆဲ၊ ​နေ့တိုင်း ထမင်းဟင်း အိမ်​​ပေါက်​​စေ့လိုက်​​တောင်းဆဲ၊ ရွာရဲ့သနား ဂရုဏာနဲ့အတူ ကျန်းမာဆဲ အို​ဗျာ အများဆိုအများကြီး။ သူတို့​တွေဟာ ကျ​နော့်​ဘဝနဲ့ အမြဲလိုလို ပတ်​သက်​ခဲ့ရတဲ့သူ​တွေ။ ကျ​နော်​မ​မေ့နိုင်​ဘူး။ ရွာရဲ့ လွမ်းစရာအဖြစ်​​တွေကလည်း ဘယ်​​တော့မှဆုံးမှာမဟုတ်​ဘူး။ ကျ​နော့်​မှာ အမှတ်​တရ​တွေ အကုန်​ရှိတယ်​...

Monday, December 14, 2015

"ကန်​ပိုင်​ရွာဟု အမည်​တွင်​သည်​"

ကျ​နော့်​ရွာက မန္တ​လေးမြို့အနီးမှာ ရှိတယ်​။ မြို့နဲ့ဆိုရင်​ ၁၂မိုင်​​လောက်​​ဝေးတယ်​။ အဲဒါက ကျ​နော်ငယ်​ငယ်​ ၄တန်း​ကျောင်းသား​လောက်​က အ​တွေးနဲ့​ပြောပြတာ​ဗျ။ တကယ်​တမ်းဘယ်​​လောက်​ရှိမှန်းကျ​နော်​မသိ။ နန်းမြို့ကျူံးကြီးတစ်​ဖက်​ကို ၂မိုင်​ဆိုပြီး ကိုယ့်​ဘာသာတွက်​ခဲ့တဲ့အရွယ်​​ပေါ့။ မန္တ​လေးမြို့ရဲ့ ​မြောက်​ဘက်​ထဲကိုသွားရတယ်​။ မန္တ​လေး မတ္တရာကားလမ်းမရဲ့ ​အ​နောက်​ဘက်​မှာတည်​ရှိတယ်​။ ​တောင်​ပြုံးကိုမ​ရောက်​ခင်​​ပေါ့​ဗျာ။ အဲဒီကားလမ်းမကြီး​ပေါ်မှာ ကျ​နော်​မ​ရေမတွက်​နိုင်​​အောင်​ ရွာဆီသွားခဲ့ဘူးတယ်​။ ကားလမ်းရဲ့အ​နောက်​ဘက်​စူးစူးကိုသွားလိုက်​ရင်​​တော့ "ကန်​ပိုင်​ရွာမှ ကြိုဆိုပါ၏"ဆိုတဲ့ ဆိုင်းဘုတ်​ပန်းချီကြီးကို​တေိ့ရင်​ အဲဒါကျ​နော့်​ရွာပဲ။ ​ရှေ့မှာ ရွာနှစ်​ခု​လောက်​ဖြတ်​ခဲ့ရတယ်​ဆိုရင်​ ဆိုင်​ကယ်​မရှိခင်​က ကားလမ်းကြီးက​နေ လမ်း​လျှောက်​ခဲ့ရတဲ့အရသာကို စဉ်းစားကြည့်​​ပေါ့​ဗျာ။ ဟုတ်​တယ်​..ကျ​နော့်​ရွာက ကန်​ပိုင်​ရွာ အသံထွက်​ရွတ်​ရင်​ "ဂဘိုင်​ရွာ"။ ငယ်​ငယ်​က ​ရေး​တော့အမှန်​ ဖတ်​​တော့အသံကို နားမလည်​ခဲ့တုံးက ကျ​နော်​ဟာ လူတက်​ကြီးလုပ်​ပြီး "ကန်​ပိုင်​ရွာ"ဆိုပြီး ပြိုင်​ငြင်းခဲ့ဘူးတယ်​။....ခုကားလမ်းနဲ့ ရွာကိုဆက်​ထားတဲ့ ရွာလမ်းမကြီးက ပျက်​စီး​နေပြီ..သိပ်​ကိုပျက်​စီး​နေပြီ ဒါ​ပေမဲ့ ​ရောက်​တိုင်း စိမ်း​နေတက်​တဲ့ လယ်​ကွင်း​တွေ၊ နှစ်​ဘယ်​​လောက်​ကြာကြာ အလှူရှင်​​ပေါ်တက်​တဲ့ ဇရပ်​နား​နေ​ဆောင်​ကြီး ပြီး​တော့သူ့​ဘေးက မခွဲအတူ​​နေခဲ့တဲ့ ​ညောင်​ပင်​ကြီးက ရွာလမ်းမ​ဘေးမှာ တင့်​တယ်​​နေဆဲ။ ကျ​နော်​​လေ ​ပြောချင်​တာ​တွေအများကြီး စာ​ရေးဆရာတ​စ်​​ယောက်​မဟုတ်​တဲ့အတွက်​ စာ​တွေမစီတက်​ဘူး မစဉ်​တက်​ဘူး။ လိုရာထက်​ မ​ရောက်​ ​ခေါ်ရာထက်​ပါမလာတဲ့ စာ​တွေဖတ်​မိခဲ့ရင်​ ​​တောင်းပန်​တယ်​။ ဒါ​ပေမဲ့ ကျ​နော်​ ​ရေးဦးမယ်​။ ဒီ​နေ့​တော့ ဒီမှာရပ်​ဦးမည်​။ thank you..

Saturday, December 12, 2015

အို​ဗျာ..သိပ်​လှလွန်းလို့

ခင်​​ဗျားတို့ နား​ထောင်​ချင်​လား.. ကျ​နော့်​ရွာအ​ကြောင်း
အင်း..တကယ်​တမ်း ကျ​နော်​​နေခဲ့ရတဲ့ က​လေးဘဝ ကုန်​ဆုံးခဲ့ရတဲ့ အချိန်​​တွေဖြစ်​တည်​ခဲ့တဲ့ ရွာ။ ဟုတ်​တယ်​ ကျ​နော့်​ရွာ..အဲဒါ ​ပြောဖို့ဆိုရင်​ ကျ​နော်​ ​နောက်​ထပ်​ အချိန်​ ၁၀နှစ်​​လောက်​ကို ပြန်​သွားရမယ်​။ အရမ်း​ပျော်​စရာ​ကောင်းခဲ့တဲ့ အချိန်​​ပေါ့။